ဖားအောက်တောရရိပ်သာ(သန်လျင်)
အပြည်ပြည်ဆိုင်ရာ ဖားအောက်တောရဗုဒ္ဓသာသနာ့ရိပ်သာ(သန်လျင်)သည် တနှစ်ပတ်လုံး ဖွင့်လှစ်သောကမ္မဋ္ဌာန်းရိပ်သာဖြစ်ပါသည်။ရိပ်သာ၌ ဝင်ရောက်တရားအားထုတ်လိုပါက ပထမဦးစွာ online မှတဆင့် ဖောင်တင်ရန်လိုအပ်ပြီး ဝင်ခွင့်ပြုကြောင်း အတည်ပြုစာရမှသာလျှင် ၀င်ရောက်တရားအားထုတ်နိုင်ပါသည်။
ရိပ်သာဝင်ခွင့်ဖောင် မဖြည့်မီ
- လိုက်နာရန် စည်းကမ်းချက်များနှင့် တနေ့တာ အချိန်ဇယားကို သေချာစွာ ဖတ်ရှုပါ။
- သန်လျင်ဖားအောက်ရိပ်သာသို့ ဝင်ခွင့်လျှောက်ထားလိုပါက အနည်းဆုံး (၂) ရက်ကြိုတင်၍ လျှောက်ထားရမည်။ ယောဂီတစ်ဦးအား အများဆုံး (၁၀) ရက် တရားအားထုတ်ခွင့် ပြုပါသည်။ (၁၀) ရက်ပြည့်ပြီး ရက်ထပ်တိုး၍ တရားအားထုတ်လိုပါက ကမ္မဌာန်းဆရာတော်ထံ လျှောက်ထားပြီး ဆရာတော်၏ ခွင့်ပြုချက်ဖြင့် ရက်ထပ်တိုး၍ တရားအားထုတ်နိုင်ပါသည်။
- မိမိ (သို့) ဖောင်ဖြည့်ပေးမည့်သူတွင် Email account ရှိရမည်။
- ဖောင်ဖြည့်ရာတွင် ( * ) ပါသော မေးခွန်းတိုင်းကို ဖြေဆိုရန်လိုအပ်ပါသည်။
- ဓါတ်ပုံတင်ရာတွင် လွန်ခဲ့သော(၆)လ အတွင်း ရိုက်ထားသော ပုံဖြစ်ရမည်။ မျက်နှာပေါ်လွင်ထင်ရှားသောပုံ (လိုင်စင်ဓာတ်ပုံ)ဖြစ်ရပါမည်။ အလှပုံ၊ ကိုယ် တစောင်းရိုက်ထားသောပုံ မဖြစ်ရပါ။
- ဖောင်တင်ပြီးပါက အောင်မြင်ကြောင်း အတည်ပြုစာ ပေါ်လာပြီး မိမိဖြည့်ထားသော Email သို့လည်း ဖောင် လက်ခံရရှိကြောင်း အကြောင်းကြားမည်ဖြစ်သည်။
- ဝင်ခွင့်ပြုကြောင်း အတည်ပြုစာကို Email မှတဆင့် အကြောင်းပြန်ပေးပါမည်။ ရိပ်သာသို့ ဝင်ခွင့်ရမရကို ဖုန်းဖြင့် စုံစမ်းလိုပါက လျှောက်လွှာတင်ပြီး (၂)ရက်နေ့မှစ၍ ရုံးချိန် (နံနက် ၉း၀၀ မှ ညနေ ၄း၀၀ အတွင်း) 09795305718, 09421521144 ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
- ရိပ်သာဝင်ခွင့်ရပြီးသူသည် မိမိဝင်မည့်နေ့တွင် နံနက် ၈း၀၀ မှ ညနေ ၄း၀၀ အတွင်း ရောက်ရှိရမည်ဖြစ်ပြီး ရုံးခန်းသို့ ဦးစွာ အကြောင်းကြားရမည်ဖြစ်သည်။
